၁။ အကျဉ်းချုပ်
ဤပရိုဂရမ်သည် ကိုယ်စားလှယ်များအား Calamus Education product များကို ၎င်းတို့၏ သီးသန့် unique partner code များ အသုံးပြု၍ ကြော်ငြာရောင်းချခွင့်ပြုပေးမည်ဖြစ်သည်။ ကိုယ်စားလှယ်၏ code ကို အသုံးပြု၍ ဝယ်ယူသော သုံးစွဲသူများသည် ဒစ်စကောင့် ရရှိမည်ဖြစ်ပြီး၊ ကိုယ်စားလှယ်သည် အတည်ပြုပြီးသော ရောင်းချမှုတစ်ခုစီအတွက် ကော်မရှင် (အကျိုးဆောင်ခ) ရရှိမည်ဖြစ်သည်။
ဤပရိုဂရမ်တွင် ပါဝင်သည့် ကိုယ်စားလှယ်နှင့်သုံးစွဲသူအားလုံးတို့သည် ဤစည်းကမ်းသတ်မှတ်ချက်များကို သဘောတူသည်ဟု သတ်မှတ်သည်။
၂။ ကိုယ်စားလှယ် မှတ်ပုံတင်ခြင်း
- ကိုယ်စားလှယ်များသည် အမည်အပြည့်အစုံ၊ ဖုန်းနံပါတ်၊ အီးမေးလ် နှင့် နိုင်ငံသားစိစစ်ရေးကတ်(သို့) ပတ်စ်ပို့ အပါအဝင် တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ မှတ်ပုံတင်ရမည်။
- အတည်ပြုပြီးသော ကိုယ်စားလှယ်တစ်ဦးစီသည် ကုမ္ပဏီမှ ထုတ်ပေးမည့် သီးသန့် unique partner code တစ်ခု ရရှိမည်ဖြစ်သည်။
- ကုမ္ပဏီသည် မည်သည့် မှတ်ပုံတင်ခြင်းကိုမဆို ဖြေရှင်းချက်မပေးဘဲ လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် အခွင့်အရေးရှိသည်။
၃။ ကော်မရှင် (အကျိုးဆောင်ခ) နှင့် ငွေပေးချေမှု
- ကိုယ်စားလှယ်များသည် ၎င်းတို့၏ code ကို အသုံးပြု၍ သင်တန်းတက်ရောက်သော သင်တန်းကြေးတိုင်းအတွက် ၁၀% ကော်မရှင် ရရှိမည်ဖြစ်သည်။
- သင်တန်းတက်ခြင်းကို အတည်ပြုပြီးနောက်၊ သုံးစွဲသူမှ ငွေပြန်အမ်းခိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုလုပ်မှသာ ကော်မရှင်ကို တွက်ချက်မည်ဖြစ်သည်။
- ငွေပေးချေမှုများကို လကုန်တိုင်း WavePay သို့ KBZPay မှတဆင့် ပြုလုပ်ပေးမည်။ (တခြားငွေပေးချေမည့်နည်းလမ်းများလည်းညှိနှိုင်းနိုင်သည်)
- အနည်းဆုံး ငွေထုတ်ပမာဏမှာ ၁၀,၀၀၀(တစ်သောင်း) ကျပ် ဖြစ်သည်။ ဤပမာဏထက် နည်းသော လက်ကျန်ငွေများကို နောက်လသို့ပေါင်းထည့်၍ သတ်မှတ်ငွေထုတ်ပမာဏပြည့်မှထုတ်ပေးသွားမည်ဖြစ်သည်။
- ကုမ္ပဏီသည် ကြိုတင်အကြောင်းကြားခြင်းဖြင့် ကော်မရှင်နှုန်းထားများကို အချိန်မရွေး ချိန်ညှိခွင့်ရှိသည်။
၄။ သင်တန်းတက်ရောက်မည့်သူများအတွက် လျှော့စျေး
- သင်တန်းကြေးသွင်းရာတွင် တရားဝင် unique partner code ကို အသုံးပြုသောသူများသည် ၁၀% လျှော့စျေး ရရှိမည်ဖြစ်သည်။
- လျှော့စျေးသည် ဝယ်ယူသည့်အချိန်တွင် code ထည့်သွင်းမှသာ အကျုံးဝင်မည်။
- သင်တန်းတက်ရောက်သူသည် Referral code ကို တစ်ခေါက်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
၅။ ရောင်းချမှုများအား အတည်ပြုခြင်း
ရောင်းချမှုတစ်ခုအား အောက်ပါအခြေအနေများနှင့် ပြည့်စုံမှသာ အတည်ပြုပြီးဖြစ်သည်ဟု မှတ်ယူမည်-
- ငွေကို အပြည့်အဝ လက်ခံရရှိခြင်း။
- ငွေလက်ခံရရှိမှုအား ကုမ္ပဏီ၏ စနစ်မှ စစ်မှန်ကြောင်း အတည်ပြုခြင်း။
ကုမ္ပဏီသည် အတည်မပြုရသေးသော သို့မဟုတ် သံသယဖြစ်ဖွယ် ငွေလွှဲမှုများအတွက် ကော်မရှင်ပေးချေမှုများကို ရပ်ဆိုင်းထားခြင်း သို့မဟုတ် ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၆။ လိမ်လည်မှု နှင့် အလွဲသုံးစားပြုမှု
မလျော်မကန်သောအပြုအမူများ ပြုလုပ်ရန် ကြိုးပမ်းမှု သို့မဟုတ် စနစ်အား လှည့်ဖြားခြင်းများ ပြုလုပ်ပါက အောက်ပါနည်းလမ်းများအတိုင်းဆောင်ရွက်မည်-
- ပရိုဂရမ်မှ ချက်ချင်း ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်း။
- မရရှိသေးသော ကော်မရှင်များအားလုံးကို ဆုံးရှုံးခြင်း။
ကိုယ်စားလှယ်များသည် ၎င်းတို့၏ unique partner code ကို ကြော်ငြာရန်အတွက် မှားယွင်းသော၊ လှည့်ဖြားသော၊ တရားဉပဒေနှင့်မလွတ်ကင်းသော ကြော်ငြာများ၊ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် မညီသော နည်းလမ်းများကို အသုံးမပြုရ။
ကုမ္ပဏီသည် ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုအားလုံးကို စစ်ဆေးအတည်ပြုပိုင်ခွင့်ရှိသည်။
၇။ ကိုယ်စားလှယ်၏ တာဝန်များ
- ကိုယ်စားလှယ်များသည် Calamus Education ၏ Product များ ကို ရိုးသားစွာနှင့် တိကျမှန်ကန်စွာ ကြော်ငြာရန် တာဝန်ရှိသည်။
- ကိုယ်စားလှယ်များသည် ကုမ္ပဏီ၏ဝန်ထမ်း သို့မဟုတ် တရားဝင်မိတ်ဖက်အဖြစ် ကိုယ်စားပြုကြောင်း မပြောဆိုရ။
- ကိုယ်စားလှယ်များသည် ကုမ္ပဏီ၏ စျေးကွက်ရှာဖွေရေး လမ်းညွှန်ချက်များနှင့် ပြည်တွင်းဥပဒေများအားလုံးကို လိုက်နာရမည်။
၈။ Active မဖြစ်သောအကောင့်များ
- ၃ လကြာသည်အထိ အတည်ပြုပြီး ရောင်းချမှု မရှိသော ကိုယ်စားလှယ်များကို Active မဖြစ်ဟု သတ်မှတ်နိုင်သည်။
- Active မဖြစ်သော အကောင့်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ကုမ္ပဏီ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်အသက်သွင်းခြင်း ပြုလုပ်နိုင်သည်။
၉။ ပြင်ဆင်ခြင်း သို့မဟုတ် ရပ်စဲခြင်း
- ကုမ္ပဏီသည် ကြိုတင်အသိပေးခြင်းမရှိဘဲ အချိန်မရွေး ပရိုဂရမ်ကို ပြင်ဆင်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းများ ပြုလုပ်နိုင်သည်။
- ပရိုဂရမ် ရပ်စဲပါက၊ အတည်ပြုပြီးသော ကော်မရှင်များကို ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ပေးချေသွားမည်။
၁၀။ တာဝန်ယူမှု အကန့်အသတ်
ကုမ္ပဏီသည် အောက်ပါတို့အတွက် တာဝန်မရှိပါ-
- စနစ်ရပ်တန့်မှု သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ အမှားများကြောင့် ဝင်ငွေဆုံးရှုံးမှုများ။
- ကိုယ်စားလှယ်၏ အချက်အလက် မှားယွင်းမှုကြောင့် ငွေပေးချေမှု နှောင့်နှေးခြင်း။
- ကိုယ်စားလှယ်များနှင့် သုံးစွဲသူများကြား အငြင်းပွားမှုများ။
၁၁။ အငြင်းပွားမှု ဖြေရှင်းခြင်း
- မည်သည့် အငြင်းပွားမှုကိုမဆို ငွေပေးငွေယူ ပြုလုပ်ပြီး ၇ ရက်အတွင်း ကုမ္ပဏီ၏ support team သို့ တိုင်ကြားရမည်။
- ကော်မရှင်များနှင့် ရောင်းချမှု အတည်ပြုခြင်းဆိုင်ရာ ကိစ္စရပ်အားလုံးတွင် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည်သာ အတည် ဖြစ်သည်။
၁၂။ ဆက်သွယ်ရန်
မေးခွန်းများ၊ အကူအညီများ သို့မဟုတ် အငြင်းပွားမှုများ တိုင်ကြားရန်အတွက် ကျေးဇူးပြု၍ ဆက်သွယ်ပါ-
၁၃။ သဘောတူညီချက်
ဤပရိုဂရမ်တွင် ပါဝင်ခြင်းဖြင့်၊ အထက်တွင်ဖော်ပြထားသော စည်းကမ်းချက်များအားလုံးကို သင်ဖတ်ရှု နားလည်ပြီး သဘောတူကြောင်း အတည်ပြုပါသည်။